မန်ဘာဝင်ပြီးအားပေးသွားကြဖို့ဖိတ်ခေါ်ပါတယ်
<<<< ချစ်သူတို့.>>>>
ခင်တယ်ဆိုတော့ ကီးဘုတ်လေးက မီးတွေတောက်
ယုံပါဆိုတော့ လချောင်းလေးတွေ တစ်ဖျောက်ဖျောက်
ချိန်းတယ်ဆိုတော့ နည်းပညာအောက် အရောက်လာ
ပြောမယ်ဆိုတော့ လိုင်းကောင်းကောင်းလေး ရအောင်းရှာ
ဒီလိုဒီလို တွယ်တာခဲ့ကြတာလေ
ခင်မင်မှု့တွေ သံယောဇဉ်တွေ နည်းပညာတွေ
ကွန်းနက်ရှင်တွေက အမှတ်တရ ဆုံစေခဲ့ပေမယ့်
တို့ ဘဝတွေ တိုးတက်ဖို ခဏလေး ဝေးကြမယ်ဆိုတော့
Gtalk လေးကမျက်ရည်ကျတယ်
<<<< "တို့နှစ်ယောက်" >>>>
မာနတွေ ကိုယ်စီနဲ့
ထားရှိခဲ့တဲ့...သံယောဇဉ်တွေ....
ရင်ထဲမှာ ကိုယ်စီဖြစ်ပေါ်နေတဲ့..၊ ခံစားချက်တွေ........
အဆက်သွယ်တွေ ပျက်ပြီး မမေ့နိုင်းကြတာတော့....
၊ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ......
သေချာတာတစ်ခုကတော့
ဝေးကွာခြင်းရဲ့ နောက်ကွယ်မှာ.....
မေ့ဖျောက်ချေဖျက်ပြစ်လို့ မရနိုင်းတဲ့.... သတိရခြင်းတွေ......
" ဒို့နှစ်ယောက်" ကိုယ်စီရှိနေကြပါသေတယ်.....
"အသဲကွဲမျက်ရည်"
<<<< အိပ်မက်ထဲက...ငါ..>>>>
# အစွဲလန်းဆုံး အိမ်မက်တွေနဲ့၊
#အဲဒီ စိတ်ကူးကို၊ #ကိုယ်စီ ပွေ့ဖက်လို့၊
#တစ်နေ့မှာ ဆုံးနိုင်းမှားလား။
#ဒါမှမဟုတ် ကြေကွဲရမှာလား သေချားတာကတော့၊
#အနားသက်မရှိတဲ့ လမ်းမပေါ်မှာ၊
#နင်းနဲ့ငါလေ အလွမ်းရဲ့ထောင်းချောက်ပေါ်မှာ၊
# ခြေတစ်ဖက်စီးနင်းလို့........၊
#ပိုခံစားရသူဟာ....၊ #ကိုယ်သာ ဖြစ်လိုက်ချင်ပါတယ်.....ကွယ်....။
<<<<<အသဲကွဲမျက်ရည်>>>>>
ထားရစ်ခဲ့တော့…ချစ်သူရေ..
ချစ်လျှက်နဲ့ နှုပ်မဆက်ပဲထွက်ခွာသွားတော
့ မင်းလေးကို ချစ်ပါလို့လဲမပြောထွက်ဘူး
ဒို့ကို မမုန်းပါနဲ့လိုလဲမပြောချင်ဘူး
ဒို့ရင်ထဲက တစ်နေရာမှာ မင်းလေးကို
နေခွင့်ပေးရင်း ဒို့ကျေနပ်နေမှာပါ…. သတိရလို
ပြန်တမ်းတလိုက်တိုင် မင်းလေးနဲ့
ပျော်ရွှင်ခဲ့တဲ့နေရက်တွေကို ရက်စက်လွန်းတဲ့….. ချစ်သူ
ဒိုမေ့နိုင်စွမ်းမရှိခဲ့ဘူး မင်းကိုလွမ်းနေရပေမဲ့
မျှော်မှန်းခွင့်မရှိတော့ ဒိုတစ်ယောက်ထဲ့ အသဲကွဲနေဆဲပေါ့..
>>>>အသဲကွဲမျက်ရည်>>>>
့ မင်းလေးကို ချစ်ပါလို့လဲမပြောထွက်ဘူး
ဒို့ကို မမုန်းပါနဲ့လိုလဲမပြောချင်ဘူး
ဒို့ရင်ထဲက တစ်နေရာမှာ မင်းလေးကို
နေခွင့်ပေးရင်း ဒို့ကျေနပ်နေမှာပါ…. သတိရလို
ပြန်တမ်းတလိုက်တိုင် မင်းလေးနဲ့
ပျော်ရွှင်ခဲ့တဲ့နေရက်တွေကို ရက်စက်လွန်းတဲ့….. ချစ်သူ
ဒိုမေ့နိုင်စွမ်းမရှိခဲ့ဘူး မင်းကိုလွမ်းနေရပေမဲ့
မျှော်မှန်းခွင့်မရှိတော့ ဒိုတစ်ယောက်ထဲ့ အသဲကွဲနေဆဲပေါ့..
>>>>အသဲကွဲမျက်ရည်>>>>
နွေဦးဒိုင်ယာရီ
နွေဦးဒိုင်ယာရီ လေရူးနှောက်ခါမှ နွေဦးရောက်ပါလား
မလုပ်နဲ့ မနေ့က ငါ့ နှာခေါင်းဝမှာ အင်ကြင်ပန်းနံ့တွေ ရတယ်...
တစ်နှစ်တာ ငါ့ ဒိုင်ယာရီ စာမျက်နှာတွေထဲမှာ ဒီနွေကာလကတော့ .....
မှတ်သားစရာဗလပွနဲ့ ပြဿဒါးကာလ.. ရွက်ဟောင်းတွေနေရာကို
ရွက်သစ်တွေနဲ့ အစားထိုးကြ လူဟောင်းတွေနေရာကို
လူသစ်တွေနဲ့ အစားထိုးကြ သူတော်ကောင်းတွေနေရာကို
သူယုတ်မာတွေနဲ့ အစားထိုးကြ ဒါတွေဟာ
ပြောင်းလဲခြင်းနိယာမတွေမို့ ခေါင်းခဲစရာတွေတော့
မဟုတ်ပါဘူး.. ယခင်တုန်းက တပေါင်း တန်ခူးဟာ
အကြောင်းမထူးခဲ့ပေမဲ့ ဒီနှစ်တပေါင်းတန်ခူးကတော
့ အကြောင်းထူးပြီလေ.. ယခင်က ငလျင်ဆိုတာ
ရင်ခုန်စရာမကောင်းခဲ့ပေမယ့် အခုတော့ သူ့ရဲ့ရင်ခုန်နှုန်းက ...
(၁၆)နှစ်သမီးရင်ခုန်နှုန်းထက် ပြင်းထန်တယ်ဆိုတာ
ရှမ်းပြည်တာလေ အက်ကွဲကြောင်းတွေက သက်သေပြနေပြီ မဟုတ်လား.
. ဂျပန်ပြည် ငလျင်သံစဉ်တွေက မြန်မာပြည် တာလေထိ ချီတက်လာခဲ့လို့
မသတီစရာတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကမ္ဘာတစ်လွှားထိ
တုန်လှုပ် ချောက်ခြားသွားခဲ့ရတဲ့ အထိပါဘဲ.... အခုတလော
ကြားနေရတဲ့ ၀မ်းသာစရာ သတင်းတစ်ပုဒ်က ဘာသာရေး
စိတ်မ၀င်စားတဲ့ တာလေက လူအချို့ အခုတော့ ဘာသာရေးကို စိတ်ဝင်စားလာကြပြီတဲ့လေ.
. လက်တွေ့ပြမှ ယုံချင်တဲ့သူတွေအတွက် ကမ္ဘာမြေကြီးက
ဖန်တီးပေးလေရော့သလား တော်ပါသေးရဲ့ တစ်စစီ ကျိုးပဲ့သွားအောင်ထိ
မလှုပ်ခါလိုက်လို့ ငလျင်ဒဏ်သင့််ဒေသကလူတွေ ငြီးငြူကြတာဟာ
သဘာဝကျပေမယ့် ဘာမဆိုင် ညာမဆိုင် ငလျင်မခတဲ့
ပြည်ပကလူတွေကလည်း အပြိုင်အဆိုင် ငြီးငြူလာကြတာကတော
့ သဘာဝမကျသလိုဘဲ လက်တွေ့ကျကျ ပြောရရင် ဘန်ကောက်က
လူတွေက ထိပ်ဆုံးက ဖြစ်လေမလား အချို့က ယာယီပတ်စပို့စာအုပ်လုပ်ဘို့
အတွက် အချို့က ၀ပ်ပါမစ်(work permit)လုပ်ဘို့အတွက် အချို့က စက်ရုံသစ်မှာ
အလုပ်ပြောင်းစမတ်ဘို့အတွက် အချို့က လုပ်မစားနိုင်တော့လို့
အမိနိုင်ငံ ပြန်ဘို့အတွက် အချို့က အမိနိုင်ငံက သားသမီးတွေရဲ့
စားဝတ်နေရေးအတွက် အချို့က ရည်းစားကို လက်ထပ်လက်စွပ်ဝယ်ပေးဘို့အတွက်
အို...အားလုံးကို ရှုတ်နေတာဘဲ.. ဒါပေလည်း ညနေဆည်းဆာမှာတော
့ သူတို့တွေ ဘီယာသောက်မပျက်ကြသလို အသောမတတ်နိုင်တဲ့
အာရုံတွေဘက်လည်း သူတို့တွေ လိုက်စားမြဲ လိုက်စားနေကြဆဲပါဘဲ.. ""
ဆင်းရဲမွဲတေနေတာဟာ ရှက်စရာမဟုတ် ၄င်းဆင်းရဲတွင်းမှ လွတ်မြောက်အောင်
ရုန်းမထွက်ခြင်းသည်သာ ရှက်စရာဆိုတဲ့"" ပညာရှိတွေရဲ့ မိန့်မှာစကား သူတို့တေ
ွ မမှတ်သားကြလေရာ့သလား တကယ်တော့ သူတို့တွေဟာ...
ပျားကောင်တွေလို မကျင့် ယင်ကောင်တွေလိုသာ ကျင့်ကြသူတွေပေါ့
ပျားကောင်တွေက အရည်စုတတ်လို့ ချမ်းသာကြပေမယ့် ယင်ကောင်တွေက
အရည်မစုတတ်ကြလို့ ဆင်းရဲမွဲတေနေကြတာဟာ သူတို့တွေအတွက် သင်ခန်းစာ ယူစရာ
ဇာတ်လမ်းတစ်ပုဒ်ပါဘဲ... ငါ့ နွေဦးဒိုင်ယာရီ ရေးမှတ်လို့ ပြီးလုဆဲဆဲမှာဘဲ အမှတ်မထင် ဖုန်းဝင်လာတယ်
"တာလေမှာ ငလျင်အသေးစားလေးတွေ အခုထိ လှုပ်နေဆဲပဲတဲ့"
အင်း ....... ဒီနှစ်နွေဦးမှာ ဘယ်တော့မှ ဥသြတွန်သံ ကြားရပါ့မလဲ...
Subscribe to:
Posts (Atom)
အချိန်တိုင် တင်နေသည်
-
ကဲ...ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ Internet IDM 6.43.Build.8.| ။ Activate IDM.[Pre-Activated] ။ တပ်ဆင်ရလွယ်ကူသည်၊ အမှားအယွင်းမ...
-
ကဲ...ငယ်ချင်းတို့ရေ ဒီတစ်ခါတင်းပေးလိုက်တာကတော့ ဆရာပီမိုးနင်း - မိန်းမစိတ်ကျမ်း. pdf စားအုပ်လေး ပါ စိန်ကဲရွှေကဲ ဒီနှစ်ကဲထက် မိန်မကဲခတ်လွန်ခ...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ computer အတွက် PSDဖိုင်နဲ့ ကနုတ် ဘောင်တွေ တင်ပေးပါဆိုလို့ တင်ပေးလိုက်တယ် လိုအက်သူများ အသုံးပြ...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေး လိုက်တာကတော့ photoshop သမားများ အတွက် မင်္ဂလာဆောင် ဖိတ်စာ psd.ဖိုင်လေးပါ လိုချင်တဲ့ ငယ်ချင်းတွေ အဆင်တင့် အလ...
-
ကဲ..ငယ်ချင်းတို့ရေဒီတစ်ခါတင်ပေးလိုက်တာကတော့ တရားပွဲးတွေ တရားနာဖိတ်စာတွေ အလှူခံ ဖိတ်စာ psd.တွေပါ ကနုတ်ရွှေရောင်ဘောင် လေးတွေဖြစ်လို့ အားလုံြး...
-
ကဲ... ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ မိမိတင်ထားတဲ့ Windows 10 Pro မှာ Windows is not Activated ဖြစ်နေကြတဲ့ ငယ်ချင်းများအတွက် Wi...
-
ကဲ.......ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများအတွက် အရမ်းအသုံးဝင်တယ်နော် အလှူ ဖိတ်အတွက် ရှင်လောင်းပုံ မင်္ဂလာဧည့်ခံ...
-
ကဲ.......ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများအတွက် အရမ်းအသုံးဝင်တယ်နော် မုတ်ဦး psd ကိုမျိုး.rar (31.59 MB)...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများ အတွက် လိပ်စာကတ် psd ဖိုင်လေးတင်ပေးလိုက်ပါတယ် အသုံးလိုတဲ့သူယူသုံးလို့ရအောင...
-
ကဲ.....ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သ္မားများအတွက် အရမ်းအသုံဝင်တဲ့ စာစီစာရိုက်သမားများတွက် အလှူဖိတ်စာ/ မင်္ဂလာပွဲဖိတ်စာ...

















