လွယ်အိတ်နည်းပညာ.youtube.လေးကို .like . Share . Subscribe.လုပ်ပေးသွားကြနော်
မန်ဘာဝင်ပြီးအားပေးသွားကြဖို့ဖိတ်ခေါ်ပါတယ်
Thursday, 30 August 2012
နွေဦးဒိုင်ယာရီ
နွေဦးဒိုင်ယာရီ လေရူးနှောက်ခါမှ နွေဦးရောက်ပါလား
မလုပ်နဲ့ မနေ့က ငါ့ နှာခေါင်းဝမှာ အင်ကြင်ပန်းနံ့တွေ ရတယ်...
တစ်နှစ်တာ ငါ့ ဒိုင်ယာရီ စာမျက်နှာတွေထဲမှာ ဒီနွေကာလကတော့ .....
မှတ်သားစရာဗလပွနဲ့ ပြဿဒါးကာလ.. ရွက်ဟောင်းတွေနေရာကို
ရွက်သစ်တွေနဲ့ အစားထိုးကြ လူဟောင်းတွေနေရာကို
လူသစ်တွေနဲ့ အစားထိုးကြ သူတော်ကောင်းတွေနေရာကို
သူယုတ်မာတွေနဲ့ အစားထိုးကြ ဒါတွေဟာ
ပြောင်းလဲခြင်းနိယာမတွေမို့ ခေါင်းခဲစရာတွေတော့
မဟုတ်ပါဘူး.. ယခင်တုန်းက တပေါင်း တန်ခူးဟာ
အကြောင်းမထူးခဲ့ပေမဲ့ ဒီနှစ်တပေါင်းတန်ခူးကတော
့ အကြောင်းထူးပြီလေ.. ယခင်က ငလျင်ဆိုတာ
ရင်ခုန်စရာမကောင်းခဲ့ပေမယ့် အခုတော့ သူ့ရဲ့ရင်ခုန်နှုန်းက ...
(၁၆)နှစ်သမီးရင်ခုန်နှုန်းထက် ပြင်းထန်တယ်ဆိုတာ
ရှမ်းပြည်တာလေ အက်ကွဲကြောင်းတွေက သက်သေပြနေပြီ မဟုတ်လား.
. ဂျပန်ပြည် ငလျင်သံစဉ်တွေက မြန်မာပြည် တာလေထိ ချီတက်လာခဲ့လို့
မသတီစရာတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကမ္ဘာတစ်လွှားထိ
တုန်လှုပ် ချောက်ခြားသွားခဲ့ရတဲ့ အထိပါဘဲ.... အခုတလော
ကြားနေရတဲ့ ၀မ်းသာစရာ သတင်းတစ်ပုဒ်က ဘာသာရေး
စိတ်မ၀င်စားတဲ့ တာလေက လူအချို့ အခုတော့ ဘာသာရေးကို စိတ်ဝင်စားလာကြပြီတဲ့လေ.
. လက်တွေ့ပြမှ ယုံချင်တဲ့သူတွေအတွက် ကမ္ဘာမြေကြီးက
ဖန်တီးပေးလေရော့သလား တော်ပါသေးရဲ့ တစ်စစီ ကျိုးပဲ့သွားအောင်ထိ
မလှုပ်ခါလိုက်လို့ ငလျင်ဒဏ်သင့််ဒေသကလူတွေ ငြီးငြူကြတာဟာ
သဘာဝကျပေမယ့် ဘာမဆိုင် ညာမဆိုင် ငလျင်မခတဲ့
ပြည်ပကလူတွေကလည်း အပြိုင်အဆိုင် ငြီးငြူလာကြတာကတော
့ သဘာဝမကျသလိုဘဲ လက်တွေ့ကျကျ ပြောရရင် ဘန်ကောက်က
လူတွေက ထိပ်ဆုံးက ဖြစ်လေမလား အချို့က ယာယီပတ်စပို့စာအုပ်လုပ်ဘို့
အတွက် အချို့က ၀ပ်ပါမစ်(work permit)လုပ်ဘို့အတွက် အချို့က စက်ရုံသစ်မှာ
အလုပ်ပြောင်းစမတ်ဘို့အတွက် အချို့က လုပ်မစားနိုင်တော့လို့
အမိနိုင်ငံ ပြန်ဘို့အတွက် အချို့က အမိနိုင်ငံက သားသမီးတွေရဲ့
စားဝတ်နေရေးအတွက် အချို့က ရည်းစားကို လက်ထပ်လက်စွပ်ဝယ်ပေးဘို့အတွက်
အို...အားလုံးကို ရှုတ်နေတာဘဲ.. ဒါပေလည်း ညနေဆည်းဆာမှာတော
့ သူတို့တွေ ဘီယာသောက်မပျက်ကြသလို အသောမတတ်နိုင်တဲ့
အာရုံတွေဘက်လည်း သူတို့တွေ လိုက်စားမြဲ လိုက်စားနေကြဆဲပါဘဲ.. ""
ဆင်းရဲမွဲတေနေတာဟာ ရှက်စရာမဟုတ် ၄င်းဆင်းရဲတွင်းမှ လွတ်မြောက်အောင်
ရုန်းမထွက်ခြင်းသည်သာ ရှက်စရာဆိုတဲ့"" ပညာရှိတွေရဲ့ မိန့်မှာစကား သူတို့တေ
ွ မမှတ်သားကြလေရာ့သလား တကယ်တော့ သူတို့တွေဟာ...
ပျားကောင်တွေလို မကျင့် ယင်ကောင်တွေလိုသာ ကျင့်ကြသူတွေပေါ့
ပျားကောင်တွေက အရည်စုတတ်လို့ ချမ်းသာကြပေမယ့် ယင်ကောင်တွေက
အရည်မစုတတ်ကြလို့ ဆင်းရဲမွဲတေနေကြတာဟာ သူတို့တွေအတွက် သင်ခန်းစာ ယူစရာ
ဇာတ်လမ်းတစ်ပုဒ်ပါဘဲ... ငါ့ နွေဦးဒိုင်ယာရီ ရေးမှတ်လို့ ပြီးလုဆဲဆဲမှာဘဲ အမှတ်မထင် ဖုန်းဝင်လာတယ်
"တာလေမှာ ငလျင်အသေးစားလေးတွေ အခုထိ လှုပ်နေဆဲပဲတဲ့"
အင်း ....... ဒီနှစ်နွေဦးမှာ ဘယ်တော့မှ ဥသြတွန်သံ ကြားရပါ့မလဲ...
Sunday, 26 August 2012
ဘလော့ဂါဆရာကြီးများသို့
အိုင်တီခေတ်ြကီးမှာ..... တိုင်မှီနေလို့ မဖြစ်တော့တာနဲ
့
အင်တာနက်ရေစီးကြောင်းထဲ အများနည်းတူ ငါလဲ စီးမျောခဲ့ပါတယ်
ဂျီထော့(GTalk)ဂျီမေး(Gmail)ကအစ ဘလော့၊၀က်ဆိုဒ်တွေအဆုံ
ငါတော့ လေ့လာနေရတုန်းပဲ နည်းပညာတွေက လေ့လာလို့ မဆုံးဘူးလေ..
လေ့လာဆဲ ခရီးလမ်းတစ်ဝက်မှာ မတောက်တစ်ခေါက် နည်းပညာရပ်လေးနဲ့
ဘလော့ ၀က်ဆိုဒ်တွေ ငါဖွင့်လျက် အင်တာနက်ခရီး စထွက်ခဲ့ပါပြီ.. ဒါပေလည်း..
အချစ်စစ်ရဲ့လမ်းကြောင်းဟာ မဖြောင့်တန်းသလို အင်တာနက်ခေတ်ရဲ့ ခရီးအစဟာလည်း
မဖြောင့်တန်းခဲ့ပါဘူး.. ဖေကူးမလိုလိုနဲ့ သွေးဆူအောင် လုပ်တဲ့သူတွေရှိသလို ဖေးမ မလိုလိုနဲ့
ဘေးချမဲ့သူတွေကလည်း ဒုနဲ့ဒေး ဘလော့အချင်းချင်း လင့်ချိတ်ကြတာ
ခင်မင်စရာ ကောင်းပေမယ့် နာမည်မရှိတဲ့ ဘလော့လေးတွေကိုတော့
သူတို့တွေ လက်ရှောင်ကြတယ်လေ.. "ဆရာကြီး"ဆိုတဲ့ အထာကြီးတွေနဲ့ပေါ့..
ဆရာကြီးဆိုတဲ့ သူတို့တွေကော ဘယ်အဆင့်က စခဲ့ကြရသလဲ ငါမမေးရဲဘူး..(စိတ်ဆိုးမှာစိုးလို့)
လင့်ချိတ်ခ ဘယ်လောက်ပေးရမလဲ ငါ မေးကြည့်ချင်တယ်.. ဆရာကြီးဆိုတဲ့
အထာကြီးနဲ့ ဘယ်အချိန်ထိ ရှင်သန်နိုင်မလဲ ငါ သိတာကတော့..
အားလုံး တစ်နေ့တော့ သေကြရမှာဘဲ.. ဒီဘ၀ ခဏထားလိုက်ဦး နောင်ဘ၀အတွက်
ဆရာကြီးဆိုတဲ့ အထာကြီးက ဘယ်လောက်ထိ အာမခံချက်ပေးမှာမို့လဲ.. ဆရာကြီးးတို့တွေရဲ့
အထာကို ဘေးဖယ်ထားပီး ဘလော့ဂါအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေလို့...
Friday, 24 August 2012
-
ကဲ.....ငယ်ချင်းတို့ရေ ဒီတစ်ခါ တင်ပေးလိုက်တာကတော့ သခင်ဗသိန်းတင်ရဲ့ လွမ်းကြပါတော့ ရဲဘော်တို့ရေ ဆိုတဲ့ စာအုပ် pdf.file စာအုပ်လေးတင်ပေးလိုက်ပါတယ် လိုချင်ရင်တော့ အောက်မာဒေါင်းယူလိုက်ပါ။။
DOWNLOAD.pdf
Saturday, 18 August 2012
မွေးနေ့ အိပ်မက်
ဒီနေ့ နံနက်ခင်းဟာ ငါ့အတွက်တော့ ကောင်းကောင်းမိုးမလင်းနိုင်ခဲ့ဘူး...
မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ် မျက်စိလည် လမ်းမှားပြီး
ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ.. တစ်ချိန်တုန်းက အိပ်မက်ကို
အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ အခုတော့ အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တ
ဲ့ငါမဟုတ်တော့ဘူး တကယ်တော့ အိပ်မက်ဟာ တစ်ခါတစ်ရံ ကြည်နူးမှုကို
ပေးတတ်သလို တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တာမို့ အိပ်မက်ကို
အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး မှော်မင်းသမီးတစ်ပါးလို
လှည့်စားတတ်ပြီး မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့ အိပ်မက်ကို
အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး ငါ့ မွေးနေ့အိပ်မက်
ဂယောက်ဂယက်မို့ ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..
တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ.. စိတ်ပျက်စရာမလိုပါဘူး.. ရှေ့ဆက်စရာတွေ
ရှိနေသေးရင် အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက် ငါ့ မွေးနေ့အိပ်မက်က
သက်သေပြလိုက်တာထင်ပါရဲ့...
မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ် မျက်စိလည် လမ်းမှားပြီး
ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ.. တစ်ချိန်တုန်းက အိပ်မက်ကို
အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ အခုတော့ အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တ
ဲ့ငါမဟုတ်တော့ဘူး တကယ်တော့ အိပ်မက်ဟာ တစ်ခါတစ်ရံ ကြည်နူးမှုကို
ပေးတတ်သလို တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တာမို့ အိပ်မက်ကို
အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး မှော်မင်းသမီးတစ်ပါးလို
လှည့်စားတတ်ပြီး မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့ အိပ်မက်ကို
အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး ငါ့ မွေးနေ့အိပ်မက်
ဂယောက်ဂယက်မို့ ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..
တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ.. စိတ်ပျက်စရာမလိုပါဘူး.. ရှေ့ဆက်စရာတွေ
ရှိနေသေးရင် အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက် ငါ့ မွေးနေ့အိပ်မက်က
သက်သေပြလိုက်တာထင်ပါရဲ့...
Friday, 10 August 2012
🧚♂️🧚♂️🧚♂️🧚♂️🧚♂️Ladies.......များရဲ့ချစ်သူကဗျာ🧚♂️🧚♂️🧚♂️🧚♂️🧚♂️
🧚♂️🧚♂️🧚♂️🧚♂️🧚♂️Ladies.......များရဲ့ချစ်သူကဗျာ🧚♂️🧚♂️🧚♂️🧚♂️🧚♂️
အချက်အပြုတ် ......မောင့် အလုပ်။
အဖြေးအလွှား ........မောင် ဈေးသွား။
အဖွတ်အလျှော် ........မောင် ပဲနော်။
ကလေးထိန်းကျောင်း ........မောင် ပဲကောင်း။
ကျောင်းကြိုကျောင်းပို ........မောင့် အဖို့။
ထင်းမီးသွေး၀ယ် ........မောင် ပဲကွယ်။
ဆန်ဆီရှာလည်း ........မောင် ပါပဲ။
ဖျားနာ..... ပြုစု ........မောင် ပဲကု။
သို့သော်....သို့သော်.....အင်္ကျီဝယ်ချုပ် .....မောင် မဟုတ်။
လက်ဝတ်ရတနာ ........ ခင် အတွက်ပါ။
ဗိုလ်ချုပ်ဈေးသွာ ........မောင်း မတား။
အလှပြင်ဆိုင် ........ခင် ပဲထိုင်း။
သစ်ဆန်းအထည် .........ခင့် ပဲဝယ်။
ဘာပဲပြောပြော .........ခင့် သေဘာ။
Wednesday, 1 August 2012
လွမ်းလွန်းလို့  ရူးရတော့မယ် ချစ်သူရယ်
လွမ်းလွန်းလို့  ရူးရတော့မယ် ချစ်သူရယ်
ငါကပဲမှားသလား ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့ နင့်အချစ်တွေထဲ
ပျော်မွေ့ မိတဲ့အဖြစ်ပျက် ငါအတွက်တော့
ခါးသပ်နေခဲ့တယ်........
လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..
ချစ်အောင်
ငါကပဲမှားသလား ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့ နင့်အချစ်တွေထဲ
ပျော်မွေ့ မိတဲ့အဖြစ်ပျက် ငါအတွက်တော့
ခါးသပ်နေခဲ့တယ်........
လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..
ချစ်အောင်
Subscribe to:
Posts (Atom)
အချိန်တိုင် တင်နေသည်
-
ကဲ...ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ Internet Download Manager versioñ.6 . 4 . 2 Build 22.Multilingual + Retail Activated) (Full...
-
ကဲ...ငယ်ချင်းတို့ရေ ဒီတစ်ခါတင်းပေးလိုက်တာကတော့ ဆရာပီမိုးနင်း - မိန်းမစိတ်ကျမ်း. pdf စားအုပ်လေး ပါ စိန်ကဲရွှေကဲ ဒီနှစ်ကဲထက် မိန်မကဲခတ်လွန်ခ...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေး လိုက်တာကတော့ photoshop သမားများ အတွက် မင်္ဂလာဆောင် ဖိတ်စာ psd.ဖိုင်လေးပါ လိုချင်တဲ့ ငယ်ချင်းတွေ အဆင်တင့် အလ...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ computer အတွက် PSDဖိုင်နဲ့ ကနုတ် ဘောင်တွေ တင်ပေးပါဆိုလို့ တင်ပေးလိုက်တယ် လိုအက်သူများ အသုံးပြ...
-
ကဲ.......ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများအတွက် အရမ်းအသုံးဝင်တယ်နော် အလှူ ဖိတ်အတွက် ရှင်လောင်းပုံ မင်္ဂလာဧည့်ခံ...
-
ကဲ... ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ မိမိတင်ထားတဲ့ Windows 10 Pro မှာ Windows is not Activated ဖြစ်နေကြတဲ့ ငယ်ချင်းများအတွက် Wi...
-
ကဲ..ငယ်ချင်းတို့ရေဒီတစ်ခါတင်ပေးလိုက်တာကတော့ တရားပွဲးတွေ တရားနာဖိတ်စာတွေ အလှူခံ ဖိတ်စာ psd.တွေပါ ကနုတ်ရွှေရောင်ဘောင် လေးတွေဖြစ်လို့ အားလုံြး...
-
ကဲ.......ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများအတွက် အရမ်းအသုံးဝင်တယ်နော် မုတ်ဦး psd ကိုမျိုး.rar (31.59 MB)...
-
ကဲ...ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေး လိုက်တာကတော့ ကထိန်အလှူ ဖိတ်စာ nog.psd.ဖိုင်လေးပါ မိမိတိုစိတ်တိုင် ကြ ပြန်လည်ပြုပြင်လိုရပါတယ် လိုချင် ...
-
ကဲ..ငယ်ချင်းတို့ရေ ဒီတစ်ခါတင်ပေးလိုက်တာကတော့ photoshop သမားများ အတွက် လိပ်စာကတ် psd ဖိုင်လေးတင်ပေးလိုက်ပါတယ် အသုံးလိုတဲ့သူယူသုံးလို့ရအောင...